1. ရောင်နီလင်း: ဟာသများစွာ
နည်းပညာစာအုပ်များနှင့်အသုံးပြု့ ဆောဝဲလ်များဦးစားပေးတင်ပါမည်ခင်ဗျာ

ဟာသများစွာ

ထင်တာကတခြား
မတ်လ ၅ ရက်၊ ၂၀၀၉ ခုနှစ်။
တရားခွင်တခုတွင်ဖြစ်သည်။
တရားသူကြီး။    ။"တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှ  လုယက် သွားတယ်ဆိုတာ ဟုတ်သလား "
တရားလို။     ။ " ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
တရားသူကြီး။     ။ " ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
တရားလို။     ။ " ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် "
 ................................................................................................................................................................
တခါထဲ စွမ်းတာများ

အဝေးပြေးကားတစ်စီးပေါ်တွင် သူရဲကောင်း ဂုဏ်ထူးဆောင်တံဆိပ် တပ်ထားသော လူတစ်ဦးကို မျက်နှာချင်း ဆိုင် ထိုင်ခုံတွင် ထိုင်နေသော အမျိုးသမီးတစ်ဦးက ............
“တကယ်လို့ရှင်သာကျမယောကျာ်းဖြစ်ခဲ့ရင်သူရဲကောင်းတံဆိပ်ကိုရှင့်ရင်ဘတ်မှာတပ်ခွင့်ပြုမှာမဟုတ်ဘူး”
“ဘာဖြစ်လို့လဲ”
“တစ်သက်မှာတစ်ခါပဲအစွမ်းပြခဲ့တာကိုလူရှေ့လူရှေ့ရောက်တိုင်းထုတ်ပြသလိုဖြစ်နေတော့ရှက်စရာကောင်းတယ်လို့ ကျမထင်တယ်”
“ဒါဆို ခင်ဗျားရဲ့ယောကျာ်းကို ဘာလို့ လက်ထပ်လက်စွပ် ၀တ်ခိုင်းထားသလဲ”
 .............................................................................................................................................
တကယ်လို့များ

မြန်မာနိုင်ငံမှစစ်ဗိုလ်ချုပ်ကြီးများ အငတ်ပြဿနာဖြေရှင်းရေးအတွက် အရေးပေါ်အစည်းအဝေးထိုင်နေကြသည်။
ဗိုလ်ချုပ်မှူးကြီးက“အခုမျက်မှောက်ခေတ်မှာစစ်နိုင်တဲ့နိုင်ငံတွေကစစ်ရှုံးတဲ့နိုင်ငံတွေကိုအလုပ်အ ကျွှေးပြုရတယ် ပြီးတော့အဲဒီနိုင်ငံက ပြည်သူတွေကိုလည်းကျွှေးမွေးရတယ်” လို့ပြောရာ

ဒုတိယဗိုလ်ချုပ်မှူးကြီးကထ၍ “ဒါဆို အမေရိကန် နဲ့ အင်္ဂလန် ကို ကျနော်တို့စစ်ကြေငြာရအောင်
သူတို့တွေ ကျနော်တို့ကိုအနိုင်ယူပါစေ”
ဟု ပြောရာတွင်

တိုင်းမှူးတစ်ယောက်မှထပြီး “မဖြစ်ဘူးထင်တယ်။ ကျနော်တို့နိုင်ရင် ဘယ့်နှယ့်လုပ်မလဲ”

ဒီလိုနဲ့ အဖြေမထွက်ပဲ အစည်းအဝေး ရုတ်သိမ်းလိုက်ပါတယ်။
.................................................................................................................................................................
ကျား-မ ခွဲခြားရေး ကိရိယာ

အသက် ၁၇ နှစ်အရွယ် မီးငယ်တယောက် ဖခင်မောင်းသော ကားတွင် ဘေးမှ ထိုင်လာသည်
တစ်နေရာတွင် ဆံပင်ရှည်ရှည်နှင့် ဂျင်းဘောင်းဘီဝတ်ထားသူတယောက်ကို တွေသည်
အဖေက မီးငယ်ကို မေးလိုက်သည်
သမီး ဟိုက ဂျင်းဘောင်းဘီနဲ သူက ယောက်ျားလေးလား မိန်းကလေးလား။”
မီးငယ်က ယောကျာ်းလေးပါဖေဖေ
သမီးဘယ်လို သိသလဲ
သမီးရင်ခုန်သွားလိုပါ
.............................................................................................................................................................
အကျင့့််
ဇွန်လ ၄ ရက်၊ ၂၀၀၆ ခုနှစ်။
မင်္ဂလာ ဦး ည အပြီး နောက် မနက် တွင် သူတို့ သား မောင်မောင် က သူငယ် ချင်းကို ပြောသည်။

“ပြသနာ ပဲကွာ ညက ငါ အရမ်း မူးသွား တယ်။”

“ဘာဖြစ် လို့လဲ ကွ”

“မိန်းမ နဲ့ အတူ နေပြီး ဘတ် ငါးရာ ထုတ်ပေး မိတယ်။”

“သူက ဘာပြော လဲကွ။”

“ဘာ မှ မပြော ဘူး၊ တရာ့ ငါးဆယ် ပြန်အမ်း လိုက်တယ်။”




http://www.nmg-news.com/nmg/joke040606.html 

0 comments: